ဆိုလာ ချပ်တပ်ပြီ

in #hive-1221334 months ago

အားလုံး မင်္ဂလာပါ။

မနေ့က ပဲ ဆိုလာ ချပ် တစ်ခြမ်း (သုံးချပ် တစ်စင်စာ) တပ်ပြီး တစ်ခါထဲ ကြိုးဆက် စမ်းသပ်တာတွေလုပ်ခဲ့ပါတယ်။ နေ့လည် ၂ နာရီလောက် အချိန်မှာ တပ်ဆင်ပြီးစီးသွားပါတယ်။ ၆၃၀ ဝပ် သုံးချပ်ဖြစ်ပါတယ်။ စုစု ပေါင်း ဘက်ထရီထဲကို လျှပ်စစ် အင်ပီယာ ၂၀ ကျော် ဝင်တာကိုတွေ့ရပြီး ဗို့အားဖြင့်ဆိုရင်တော့ ၁၆၀ ဗို့ ဝန်းကျင်နဲ့ ဆိုလာပြားကနေ တော့ ၁၀ အင်ပီယာ ကျော် ဝင်တာကိုတွေ့ရပါတယ်။ မိုးအုပ်သွားတဲ့ အချိန်တော့ အင်ပီယာ တစ်ဝက်ကျော် ကျသွားတာကို တွေ့ရပါတယ်။
ဒါဆိုရင် ဆိုလာပြားက ၆၃၀ ဝပ် သုံးချပ် (စုစုပေါင်း ၁၈၉၀ ဝပ်) မှာ ၁၃၀၀ ဝပ်လောက်ထွက်တယ်ဆိုတော့ efficiency 68% ရှိတယ်ဆိုနိုင်ပါတယ်။ ဒီနေ့ နေကောင်းကောင်းပွင့်ချိန်မှ တစ်ချက်ပြန်ကြည့်ကြည့်ပါဦးမယ်။

ဆိုလာ ဆင်တဲ့ အခါမှာ မြေစိုက်ကြိုးကို သေချာအောင်တော့ လုပ်ပါတယ်။ မြေစိုက်ကြိုး နှစ်ချောင်းတပ်ထားပါတယ်၊ တစ်ချောင်းက ဆိုလာ ဖရိမ်အတွက် နဲ့ နောက်တစ်ချောင်းကတော့ အင်ဗာတာ ဘော်ဒီနဲ့ SPD အတွက်ပဲ ဖြစ်ပါတယ်။ ဆိုလာ ဖရိမ်တွေအတွက် တပ်တဲ့ အခါမှာ ဆိုလာ ချပ် တစ်ခုနဲ့တစ်ခု ကော်နက်ရှင် မိမမိ စမ်းပါတယ်။ ကော်နက်ရှင်မိပြီး မြေစိုက်ကြိုးနဲ့ ဆက်နေရမှာဖြစ်ပါတယ်။

အားသွင်းတာကိုတော့ ဆိုလာပြားဦးစားပေး သွင်းဖို့ စက်တင် ချထားပါတယ်။ အဲဒါမှပဲ အီးပီစီမီးကို ခြွေတာရာကောက်မှာဖြစ်ပါတယ်။ သူက နေရာင် နဲနဲ ရှိနေရင်တောင် အီပီစီမီးနဲ့ အားမသွင်းသေးပဲ ဆိုလာဆီကလာမယ့်ပါဝါကို စောင့်နေတာ တွေ့ရပါတယ် (ဒီမနက်မှာပါ)။ ဒီတစ်ချက်က လဲ ကောင်းပါတယ်၊ ခနနေကျရင် နေရောင်အားကောင်းလာမှာမို့ သူ့ အနေနဲ့ စောင့်သွင်းတာ မှန်တယ်ဆိုရမှာပါ။

ဒါကတော့ ကျွန်တော်ရဲ့ ဆိုလာ တပ်ဆင်တာနဲ့ပါတ်သက်ပြီး မျှဝေတာလေးပါ။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
18th June 2024
Myanmar

Sort:  

!hiqvote

!luv
!meme

Thanks! !luv !meme

ကြမ်းနေပြီ။
😊

:D

What you have made is very beautiful. Gain knowledge about it!
!LUV
!PIZZA
!MEME

I see. Thanks!
!LUV !MEME !PIZZA !PGM

PIZZA!

$PIZZA slices delivered:
@princekham(1/10) tipped @asterkame
asterkame tipped princekham

@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @princekham gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

မီးအတွက် အဆင်​ပြေသွားတာ​ပေါ့
!PGM
!LOLZ

ဟုတ် တယ် အမ။ 5KVA ဆို တစ်အိမ်စာ သုံးလို့ ရပြီ။
!PGM !LOL

ဆိုလာတွေ တော်တော်များများ တပ်နေကြတယ်ဗျာ။ မီးကလည်း မလာတာက များပြီလေ။
!LOLZ
!MEME

ဟုတ်ဗျ။ ငွေစျေး အတက် မှာ စျေးတွေ ထပ်တက်မှာစိုးလို့ ဝယ်ဖြစ်သွားတာပါ။
!LOL !MEME !PGM

Loading...