အားလုံးမင်္ဂလာပါ။
ရှေ့တစ်ရက်က power bank ထဲက Lithium battery လေးတွေကို အစားထိုးမယ်ဆိုပြီး ဘက်ထရီတွေတစ်ခုနဲ့တစ်ခု ကို နီကယ်ပြားနဲ့ ချိတ်ဆက်ဖို့ spot welder လေး ပြန်ဆင်ဖြစ်ပါတယ်။
အရင်က ဆင်ထားတဲ့ တစ်လုံးပါပဲ။ ဆော်တဲ့ ခေါင်းတွေချွန်မှ အဆင်ပြေမယ်ဆိုလို့ ခေါင်းလေးတွေကို ချွန်အောင် ကျောက်စက်နဲ့ တိုက်ပါတယ်။ ပြီးတော့ အကာအကွယ်မဲ့ပဲ အောက်ပုံအတိုင်း ဘက်ထရီကြိုးနဲ့ ချိတ်ဆက်ပါတယ်။
welder အတွက်ကို microwave မီးဖိုက transformer လေး သုံးထားတာဖြစ်ပါတယ်။ ပတ်ဖို့ကြိုးကိုတော့ ဘက်ထရီကြိုးကို ဝယ်သုံးပါတယ်။
ပြီးတော့ဘက်ထရီ အသစ်လေးလုံးကို ဆော်ကြည့်တာ အဆင်ပြေတာတွေ့ရပါတယ်။ ဆော်တံကို ကိုင်တာ ဓါတ်မလိုက်ဘူးဆိုပေမယ့် ကျွန်တော်က ကြောက်တတ်တာကြောင့် သားရည်လက်အိတ်စွပ်ပြီး ဆော်ပါတယ်။
ခလုတ်အဖွင့်အပိတ်အတွက် ခြေနှင်းခလုတ်လေး လုပ်ဖြစ်ပါတယ်။ လက်နှစ်ဘက်က ဆော်တံကို ကိုင်ထားရမှာမို့ပါ။ transformer တစ်ဘက်ကို AC power နဲ့ တိုက်ရိုက်ချိတ်ပါတယ်။
transformer ကို ကွန်ပျူတာ power supply ဗူးလေးနဲ့ အကာအရံယူလိုက်ပါတယ်။
တောင်ကြီးမှာ ဆိုရင်တော့ လိုအပ်ရင် ကျွန်တော့်ဆီမှာ လာဆော်နိုင်ပါတယ်။ spot welder ဆိုပေမယ့် သံပြားအထူတွေမရလောက်ပါဘူး။ ဒီလို နီကယ်ပြားနဲ့ lithium ion ဘက်ထရီဆော်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ။
@princekham
24th Feb 2023
Myanmar